တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေဇင်ဝင်းသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စတုတ္ထနှစ်၊ ပဥ္စမနှစ် သင်တန်းသား/ သူစုစုပေါင်း ၃၆၅ ဦးကို ၅/၂၀၂၅ လတွင် သင်တန်း ၄ ကြိမ် ပို့ချခြင်းဆောင်ရွက်ခဲ့ရာ တိုင်းရင်ဆေးပညာအခြေခံသဘောတရားများ၊ ဆေးဖက်ဝင်အပင်များ၊ အရိုးအဆစ်ထိခိုက်ဒဏ်နာများ အကြာင်းအရာတို့ကို သင်တန်းပို့ချပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။