တိုင်းရင်းဆေးပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ၂၉.၅.၂၀၂၅ရက်နေ့ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဲအိလွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သက်မာဦးတိုသည် သဘာဝဘေး(ငလျင်) ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့်စည်းခုံကြီးဘုရား၌ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ကြရာ လူနာ ကျား ၃ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၂၉ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။