ကျောက်ဆည်မြို့ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂၉-၅-၂၀၂၅ ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်ပြီး ကျောက်ဆည်မြို့ ရွှေဂူချောင်ပရဟိတသီလရှင်ပညာရေးကျောင်းသို့သွားရောက်ပြီး ပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသခြင်းဆောင်ဆောင်ရွက်ခဲ့ရာ မလူကြီး ၅ ဦး၊ မကလေး ၂၅ ဦး၊ ကျားကလေး ၁၂ ဦး၊ စုစုပေါင်း ၄၂ ဦးတို့အား ဆေးဝါးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။