မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် တိုင်းရင်းဆေးမှူး ဦးအောင်ကြည်ညွန့် ဦးဆောင်၍ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု့ ပေးနိုင်ရန်အတွက် ၂၆-၅-၂၀၂၅ ရက်နေ့ နံနက် (၈)နာရီမှ နေ့လည် (၁၂)နာရီအထိ ချမ်းမြသာစည်မြို့နယ် ၁၀၄ လမ်း၊၇၈ လမ်း/၇၉လမ်းကြား ရတနာသီရိကျောင်းတွင်ဆေးကုသခဲ့ရာ လူနာ လူကြီးကျား(၁၅)ဦး မ(၃၃)ဦး၊ စုစုပေါင်း(၄၈)ဦး တို့အား ကုသပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။