တိုင်းရင်းဆေးတက္ကသိုလ်၊ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံတို့ ပူးပေါင်းဆေးကုသရေးအဖွဲ့သည် ပိုက်ကျုံး အထက (၂၁) အတွင်းရှိ ငလျင်ဘေးရှောင်စခန်းရှိ လူနာ (၆၅) ဦးကိုလည်းကောင်း၊ စိန်ပန်း သံလျက်မှော်အနောက်ရပ် အလက (၃၃) ဝင်းအတွင်းရှိ ငလျင်ဘေးရှောင် ကွင်းအတွင်း လူနာ (၉၇) ဦးတို့ကို လည်းကောင်း ကွင်းဆင်းဆေးကုသခြင်း၊ နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။