မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေသည် (၄.၄.၂၀၂၅) ရက်နေ့တွင် ညောင်ဦးမြို့ရှိ နဂါးကျစ်ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းဆောင်ရွက်ခဲ့ရာ ကျား ၉ဦး၊ မ ၂၁ဦး စုစုပေါင်း လူနာ ၃၀ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှာက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။