the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာန၊ အလုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အလုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း‌ဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၁-၃-၂၀၂၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီတွင် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်‌မေသန်းမြင့်ထွေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် အလုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အလုံ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ကြည့် မြင်ဘဏ်ခွဲသို့သွားရောက်၍ သက်ကြီးပုဂ္ဂိုလ်ပင်စင်စား မိဘပြည်သူ  (၆၀)ဦးအား “နွေရာသီနှင့် အပူငြိမ်းသွေးဆေး၏ သုံးစွဲနိုင်ပုံအကြောင်း” ပညာပေးဟော‌ပြောခဲ့ပြီး ကျား (၂၀)ဦး၊ မ (၃၅)ဦး၊ စုစုပေါင်း (၅၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု‌များဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း