၂၀၂၅ ခုနှစ် ၊မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁:၀၀ နာရီ တွင် တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် CTME အခမ်းအနားကို ခုတင် (၅၀) ဆံ့ ဘားအံ တိုင်းရင်းဆေးရုံ၌ ပြုလုပ်ခဲ့ပြီး သဘာပတိအဖြစ် ဦးသန်းထွဋ် ဒုတိယပြည်နယ်ဦးစီး ဌာနမှူး(ငြိမ်း)မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး (၃) ဒေါ်အေးအေးပြုံး မှ ဆောင် ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် “မီးယပ်စတွင်ဖြစ်တတ်သောရောဂါ” စာတမ်းကို ဘားအံမြို့ နယ်တိုင်း တိုင်းရင်းဆေးဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်မှ ရေးသား ဖတ်ကြားခဲ့ပြီး ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊ ဆရာမများနှင့် ပြည်နယ်၊ ခရိုင်၊ တိုင်းရင်းဆေးရုံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ၊ ဆရာမများ စုစုပေါင်း (၂၃) ဦးတက်ရောက်ခဲ့၍ တက်ရောက်လာသော ဆရာဆရာမများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။