the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ၂၀၂၅ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်စာတမ်းဖတ်ပွဲ (CLINICAL MEETING) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

         ၂၀၂၅ခုနှစ် မတ်လ (၁၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင်  ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပဒေသရာဇာခန်းမ၌ ၂၀၂၅ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပြင်ပလူနာဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ခင်မေလေးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ မနန်းဟွမ်ခမ်း (သင်-၉) နှင့် မဂျာမွန်းအောင်  (သင်-၂၀)တို့က ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါအခမ်းအနား၌ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပြင်ပလူနာဌာနမှ  မစုစုအေး (သင်-၃၂) နှင့် မောင်လုကာ (သင်-၃၁)တို့သည်  “ခန္ဓာကိုယ်ဘယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း” ခေါင်းစဉ်ဖြင့်  ဖတ်ကြားဆွေးနွေးခဲ့ပြီး ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၅၀)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂:၀၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ