the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြန်မာနိုင်ငံ တိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၇-၃-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သောအဖွဲ့သည် စင်မကော်ကျေးရွာ၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း သို့သွားရောက်၍ တိုးချဲ့ကျောင်းဆောင်၌ “မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့” (တပေါင်း လပြည့်နေ့) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီးများ၊ တရားစခန်း ဝင်ယောဂီများနှင့် ဝေယျာဝစ္စပြုလုပ်ပေးသော ရွာသူ/ရွာသား (၄၅)ဦးတို့အား “သွေးတိုးရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျား (၁၇)ဦး၊ မ (၂၈)ဦး၊ စုစုပေါင်း (၄၅)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း