the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်ခရိုင်၊ ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြန်မာနိုင်ငံ တိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့်  ရန်ကုန်တိုင်းဒေသကြီး  တိုင်းရင်းဆေးပညာ ဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်  (၇-၃-၂၀၂၅) ရက်နေ့တွင်  မြန်မာနိုင်ငံတိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်ခရိုင်၊ ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်း ရင်းဆေးမှူး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် အမှတ်(၂) ရပ်ကွက်၊ မင်းလမ်း သို့သွားရောက်၍ ရပ်ကွက်နေပြည်သူများ (၄၅)ဦးတို့အား “အသည်းရောင်အသား ဝါရောဂါအကြောင်း”နှင့် ရှောင်ရန်များအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျား (၅)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၃၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ