ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၅-၃-၂၀၂၅) ရက်နေ့တွင် ပရဟိတကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၅)ဦး၊ မ (၂၅)ဦး၊ လူနာစုစုပေါင်း (၃၀)ဦး တို့အား ဆေးကုသပေးခဲ့ပြီး လူဦးရေ (၃၅)ဦး တို့အား “ရေကျောက်ရောဂါအကြောင်း”အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။