တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့တိုင်းရင်ဆေး သမားတော်နေ့(တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်လတ်၊ ဆေးခန်းအကူ ဒေါ်သီတာဇော်တို့သည် သုခကာရီဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ များ အဘိုး (၈) ဦး၊ အဘွား (၁၄) ဦး၊ အဘိုးအဘွား စုစုပေါင်း (၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။