the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ မြန်မာနိုင်ငံတိုင်း ရင်းဆေးသမား တော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြော ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ မြန်မာနိုင်ငံတိုင်း ရင်းဆေးသမား တော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်နီနီအေး၊ အလုပ်သင်ဆရာမများ ဖြစ်ကြ သော မသီတာထက်နှင့် မစုထက်ရွှေရည်၊ အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင် တို့ပါဝင် သောအဖွဲ့သည် (၆-၃-၂၀၂၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာသို့သွားရောက်၍ တိုင်းရင်းဆေးပညာရပ်ဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများပေးခဲ့ရာ ဘိုးဘွားများနှင့် ရုံးဝန်ထမ်းများ လူနာစုစုပေါင်း (၁၀၀)ဦးအား အခမဲ့ကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြပါသည်။ လာရောက်ကြသူများအား တပေါင်းလပြည့်နေ့ကို မြန်မာ့တိုင်းရင်းဆေးသမား တော်နေ့အဖြစ် သတ်မှတ်ခဲ့ကြပုံ၊ မြန်မာ့တိုင်းရင်းဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် မြန်မာ့တိုင်းရင်းဆေးပညာရပ်အနေဖြင့် ပါဝင်ဆောင်ရွက် လျက်ရှိသော အခန်းကဏ္ဍများအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြပြီး မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်‌ရေး၊ ရွှေရီဝင်းပတ္တမြားတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ထိရင်လန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ပြုံးပီတိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ ဆေးဝါးများ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း