the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြန်မာ့တိုင်းရင်း‌ဆေး သမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၆-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့တိုင်းရင်း‌ဆေး သမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ပြည်ခရိုင်တိုင်းရင်း ဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်ဦးဆောင်၍ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့်အဖွဲ့သည် ရွှေတောင်မြို့ သရက်တောရပ်ကွက်ရှိ အားကစား ခန်းမတွင် ကွင်းဆင်းဆေးကုသခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ တိုင်းရင်းဆေးပညာနှင့် ဆောင်ရန်ရှောင်ရန် သတိပြုရန်နည်းလမ်းများ အကြောင်းကို လူဦးရေ (၁၅၀)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား(၃၇)ဦး၊ မ(၄၃)ဦး၊ စုစုပေါင်း (၈၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်