the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ခရိုင်တိုင်းရင်းဆေးကုဌာနမှ မြန်မာ့တိုင်းရင်း‌ ဆေးသမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ခရိုင်တိုင်းရင်းဆေးကုဌာနမှ (၆-၃-၂၀၂၅) ရက်‌နေ့၊  ကြာသပတေးနေ့တွင် မွန်းလွှဲ (၁၂:၀၀) နာရီမှ နေ့လယ် (၂:၀၀) နာရီအထိ ခရိုင်တိုင်းရင်း ဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေးဒေါ်ခင်မေသက်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ပူးပေါင်း၍ သဒ္ဓမ္မနန္ဒီသီလရှင်စာသင်တိုက်တွင် မြန်မာ့တိုင်းရင်းဆေသမားတော်များနေ့ (တပေါင်းလ ပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကွင်းဆင်းဆေးကုသ‌မှုပေးခဲ့ရာ “နွေရာသီတွင် ဖြစ်တတ်သော ပဲသီတာ ခေါ် ရေကျောက်ရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ရာ ကျား လူကြီး (၁)ဦး၊ မ လူကြီး (၄၉)ဦး ၊ စုစုပေါင်း (၅၀)ဦးအား ဟောပြောခဲ့ပြီး ကျားကြီး(၁)ဦး၊ မ လူကြီး (၂၅)ဦး၊ မ ကလေး (၅)ဦး၊ လူနာစုစုပေါင်း (၃၁)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း