the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တိုင်းရင်းဆေးကုဌာန၊ တပ်ကုန်းမြို့နယ် တိုင်းရင်းဆေး ကုဌာနနှင့် ပူးပေါင်း၍ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် တိုင်းရင်းဆေးကုဌာန၊ တပ်ကုန်းမြို့နယ်တိုင်းရင်းဆေး ကုဌာနနှင့်ပူးပေါင်း၍ (၃-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ တပေါင်းလပြည့်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးသက်ပိုင်စိုး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင် နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် လက်ပံကုန်းကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၁၀)ဦး၊ မ လူကြီး (၃၂)ဦး၊ စုစုပေါင်း (၄၂)ဦး အား တိုင်းရင်းဆေးဖြင့် ‌ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်