the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ဥပဒေရေးရာအသိပညာ ပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၄-၃-၂၀၂၅)ရက် ဗုဒ္ဓဟူးနေ့၊ နံနက် (၁၀:၀၀) နာရီမှစ၍ တနင်္သာရီတိုင်း ဒေသကြီး ဥပဒေရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ဥပဒေအရာရှိ) ဦးခင်မောင်မြင့်က တိုင်းရင်း ဆေးဝါးဥပဒေ၊ တိုင်းရင်းဆေးကောင်စီဥပဒေနှင့် ဥပဒေရေးရာအသိပညာများအကြောင်း ဟောပြောပို့ချခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ စုစုပေါင်း (၂၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း