the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးပညာပြတိုက်သို့ မဲခေါင်ဒေသ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ကြသောကိုယ်စားလှယ်များ လာရောက်လေ့လာခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၃)ဖြင့် မြန်မာနိုင်ငံမဲခေါင်မြစ်ဝှမ်း ဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များအား စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း (Conservation and Sustainable  Use of Medicinal Plants in Mekong River Basin of Myanmar Project)ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ   အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မဲခေါင်ဒေသတွင်း နိုင်ငံအချင်းချင်း အလုပ်ရုံ ဆွေးနွေးပွဲ ကို နေပြည်တော်တွင် (၄-၃-၂၀၂၅) ရက်နေ့မှစ၍ ကျင်းပလျှက်ရှိရာ (၅-၃-၂၀၂၅)ရက်နေ့တွင် ဆွေးနွေးပွဲ တက်ရောက်ကြသော မြန်မာ၊ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များက နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ‌ ဆေးဖက်ဝင်အပင်များ၊ ပရဆေးစိုက်ခင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး ပညာပြတိုက်တို့သို့ လာရောက်လေ့လာကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြောင်း သတင်းရရှိသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ