တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၅-၃-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းဦးဆောင်သောအဖွဲ့သည် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ သွားရောက် ၍ “မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့” ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အဘိုး၊ အဘွား (၄၀)ဦးတို့အား “ဆီးချိုရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး အဘိုး (၁၈)ဦး၊ အဘွား (၂၄)ဦး၊ စုစုပေါင်း (၄၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။