the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သီရိ မင်္ဂလာကမ္ဘာအေးကုန်းမြေတွင် ကျင်းပပြုလုပ်သည့် အဌမအကြိမ် နိုင်ငံတော် သံဃာ့ နာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေးနှင့် အဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး၌ ရန်ကုန်၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်အိအိကျော်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးမိုးဟိန်းနိုင် တို့ပါဝင်သောအဖွဲ့သည် (၁-၃-၂၀၂၅) ရက်နေ့မှ (၄-၃-၂၀၂၅) ရက်နေ့အထိ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ရာ ကျား (၆၄) ဦး၊ မ (၃၆) ဦး၊ စုစုပေါင်း (၁၀၀) ဦးအား ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးခဲ့၍ စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ထိရင်လန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ Royal Ruby တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် အာကာစိုး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး တို့မှ ဆေးဝါးများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ