တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၄-၃-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်သောအဖွဲသည် ရွှေမှော်ဝန်းဖား အောက်တောရ ကျောင်းသို့ သွားရောက်၍ “မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့”အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် သီလရှင်နှင့် ယောဂီ (၄၀) ဦး တို့အား “သွေးတိုးရောဂါ အကြောင်း” ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး သီလရှင် အပါး (၂၅) ပါး နှင့် ယောဂီ (၁၀) ဦး၊ စုစုပေါင်း (၃၅) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။