ကျန်းမာရေး၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီး ဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၄-၃-၂၀၂၅) ရက်နေ့တွင် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဦးငြိမ်းမောင်မောင် ဦးဆောင်သောအဖွဲ့သည် မြန်မာ့တိုင်းရင်းဆေး သမားတော်များနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၇) ဦး၊ မ (၂၇) ဦး၊ စုစုပေါင်း (၃၄) ဦးအား ကွင်းဆင်းကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။