ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဟင်္သာတ ခရိုင် တိုင်းရင်းဆေးကုဌာ၊ ဟင်္သာတမြို့နယ်ကျေးလက်ဦးဌာနတို့ပူးပေါင်း၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အကြောင်း အသိပညာပေးဟောပြောပွဲကို (၄-၃-၂၀၂၅) ရက်နေ့တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ဟင်္သာတခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးစိုးလင်းက “သနပ်ခါး၏ ဆေးဖက် ဝင်ပုံအကြောင်း” ကိုဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စုစုပေါင်းလူဦးရေ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။