ဧရာဝတီတိုင်းဒေသကြီး၊ ၊ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကြံခင်းမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၄-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ရာ ကြံခင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်မှ “မြန်မာ့သနပ်ခါး ၏ ဆေးဖက်ဝင် ပုံများအကြောင်း”ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စုစုပေါင်း (၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။