ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျိုက်ပညာရဘုရားကြီး၏ ဗုဒ္ဓပူစရိယ ဘုရားပွဲတော်၌ ပဲခူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁-၃-၂၀၂၅) ရက်တွင် မြို့နယ် တိုင်းရင်းဆေးမှူးသည် အခြားနှီးနွယ်ဌာနများနှင့်အတူ Medical cover ပြုလုပ်ဆောင်ရွက်ခဲ့ရာ ကျား (၂)ဦး၊ မ (၁၈)ဦး၊ စုစုပေါင်း (၂၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။