ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော ကျန်းမာ ရေးမှူး (၄) ၊(ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂)သင်တန်းတွင် သင်တန်းသား/သင်တန်းသူ ၁၄၁ ဦးတို့အား ၁၇.၂.၂၀၂၅ မှ ၂၀.၂.၂၀၂၅ နေ့အထိ တိုင်းရင်းဆေးဘာသာရပ်ကို ရှမ်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့်၊ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဒေါ်ခင်ခင်ဦး၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးသိမ့်၊ ခရိုင်ဦးစီးဌာနမှူး ဒေါ်ခင်သီတာဦး၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးကျော်ဇေယျနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်တင်စန်း တို့မှ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။