the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော်၊ အေလာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ “မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့” ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

နေပြည်တော်၊ အေလာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁-၃-၂၀၂၅) ရက်နေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာသို့သွားရောက်၍ “မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့" ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွင်းဆင်းဆေး ကုသခြင်းဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၁၈) ဦး၊ မ လူကြီး (၃၂) ဦး၊ မ ကလေး (၂) ဦး၊ စုစုပေါင်း (၅၂) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း