the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ဟားခါးပညာရေးဒီဂရီကောလိပ်၊ သီရိရတနာခန်းမ၌   (၂၇-၂-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်သော အခြားတိုင်းဒေသကြီး နှင့်ပြည်နယ်များမှယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာရန်ပုံငွေမှ ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှထောက်ပံ့ငွေများ‌ပေးအပ်ခြင်း၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း‌ဆေးမှူး ဒေါ်မေသန်းမြင့်ထွေးမှ တိုင်းရင်းဆေးဝါးများ ပေးအပ်လှူဒါန်းခြင်း၊ ဟားခါးပညာရေး‌ ဒီဂရီ‌ ကောလိပ်မှ ဆရာ၊ ဆရာမ ကျား (၁ဝ)ဦး၊ မ (၂၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း