ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၅-၂-၂၀၂၅) ရက်နေ့တွင် နေ့လယ် (၁) နာရီမှ (၄) နာရီအထိ မြို့နယ်တိုင်းရင်းဆေးမှူး ဦးသက်လုံဦး သည် ခရိုင်တိုင်းရင်းဆေးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရှိ ကျန်းမာရေးမှူး (၄) သင်တန်းတွင် ဌာနသုံးတိုင်းရင်းဆေးဝါးများမှ မိမိသင်ကြားရန် တာဝန်ယူရသောဆေးနံပါတ် (၅)မျိုးနှင့် တိုင်းရင်းဆေးပညာနှင့်ပတ်သတ်၍ သိသင့်သိထိုက် သည့် အထွေထွေဗဟုသုတဖြစ်ဖွယ်ရာများ၊ ဆေးဆရာတစ်ယောက်တွင် ထားရှိသင့်သည့် စိတ်နေစိတ်ထားများအကြောင်းကို သင်တန်းသူ၊ သင်တန်းသား (၇၆) ဦးအား သင်ကြားပို့ချခဲ့ပြီး သင်တန်းသားများနှင့်အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

