ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ငြိမ်းငြိမ်းစိုးသည် ခရိုင်တိုင်းရင်းဆေးမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီ ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ကျန်းမာရေးမှူး (၄) သင်တန်းတွင် (၂၅-၂-၂၀၂၅ ) ရက်နေ့၊ နံနက်(၉)နာရီမှ(၁၂)နာရီအထိ ဌာနသုံးတိုင်းရင်းဆေးဝါးများမှ မိမိသင်ကြားရန် တာဝန် ယူရသောဆေးနံပါတ် (၅) မျိုးနှင့် ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတများအား သင်ကြားပို့ချခြင်း၊ သင်တန်းသူ (၅၀) ဦး၊ သင်တန်းသား (၂၆) ဦး၊ စုစုပေါင်း (၇၆) ဦးအား သင်ကြား ပို့ချထားသည့် သင်ခန်းစာများအား အပြန်အလှန်ဆွေးနွေးခြင်း တို့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။