တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ သာကေတမြို့ နယ်တိုင်းရင်းဆေးကုဌာနနှင့် မြောက်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၁၄-၂-၂၀၂၅) ရက်နေ့တွင် ပြည်သူ့ရင်ပြင်တွင်ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် အခမ်းအနား၌ ကျား (၁၉) ဦး၊ မ (၁၁) ဦး၊ စုစုပေါင်း (၃၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား၌ MSMEs သစ်သီဝလံနှင့်ပြခန်းများ ပြပွဲပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၁-၂-၂၅) မှ (၁၄-၂-၂၅) ရက်နေ့အထိ ပြခန်း ခင်းကျင်းပြသလျက်ရှိကြောင်းသိရသည်။