the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့နှင့်ဖြူး မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး ၏လမ်းညွှန်မှုဖြင့် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့နှင့်ဖြူး မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူး ပေါင်း၍ (၁၄-၂-၂၀၂၅) ရက်နေ့တွင် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ်ရာ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းဟိန်းလင်းမှ မီးဘေးလုံခြုံရေး ဆိုင်ရာ အသိပညာပေး ဟောပြော ခြင်း၊ မီးသတ်ဆေးဘူးများ နှင့်မီးငြိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ဖော်သင်ပြခြင်း၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့နှင့်ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများမှ လက်တွေ့ ဆောင်ရွက်ခြင်း၊ ဆေးရုံရှိမီးသတ်ဆေးဘူးများအား ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း များဆောင် ရွက်ခဲ့ပါသည်။ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းဟိန်းလင်း အား  (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့ ဒုတိယဆေးရုံအုပ်ဒေါ်စိုးလက်မီမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံဖြူးမြို့ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီမှ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း