မကွေးတိုင်းဒေသကြီး ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ၊ မကွေးမြို့မှ ဆေးရုံအုပ် နှင့် ဆရာ၊ဆရာမများသည် (၁၁-၂-၂၀၂၅) ရက်နေ့ (အင်္ဂါ)နေ့ တွင် မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ရာ လူနာဦးရေ ကျား ( ၅)ဦး၊ မ (၁၆)ဦး စုစုပေါင်း ( ၂၁)ဦး တို့ကို ကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။