the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖြူးမြို့နှင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကု ဌာနတို့ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖြူးမြို့နှင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၅-၂-၂၀၂၅) မှ (၁၀-၂-၂၀၂၅) ရက်နေ့အထိ (၄၈) ကြိမ်မြောက် ဖြူးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိမူလစာမေးပွဲနှင့်စူဠဆုနှင်းသဘင် ကျင်းပပွဲ၌ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ သူနာပြု (၃) ဒေါ်ဝါဝါသူ၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေး၊ ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဦးသန့်စင်နှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့သည် နေ့စဉ်အလှည့်ကျဂျူတီဖြင့်  ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ခဲ့ရာ သံဃာ ကျား  (၈၇) ပါးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်