the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) “အဖောရောဂါ” ခေါင်းစဉ်ဖြင့် အခမ်းအနား ကျင်းပ

 ပဲခူးတိုင်းဒေသကြီး၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၌  တိုင်းရင်းဆေးပညာစဉ် ဆက်မပြတ် ပညာပေးရေး ( CTME ) အခမ်းအနားကို “အဖောရောဂါ” ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၀ ) ရက် နံနက်ပိုင်းတွင် တိုင်းရင်းဆေရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဦးအောင်စိုးလွင်မှ ဆောင်ရွက်ခဲ့ပြီး ပဲခူးမြို့၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒေါ်သန္တာလွင်မှ “အဖောရောဂါအကြောင်း လေ့လာတင်ပြခြင်းစာတမ်း” အား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ ဆရာ/ ဆရာမများမှ သိရှိလိုသည်များဆွေးနွေးမေးမြန်းရာ   စာတမ်းရှင်မှ ပြန်လည်ရှင်း လင်းဖြေကြား ခဲ့သည်။

 အခမ်းအနားသို့ တိုင်းရင်းဆေးတိုင်းဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများ၊ ခရိုင်တိုင်းရင်း ဆေးမှူးနှင့် တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများ စိတ်ပါဝင်စားသူများ စုစုပေါင်း (၄၇) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း