ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ( ၆-၂-၂၀၂၅ ) ရက်နေ့တွင် မဟာသီဝံကျောင်းတိုက်၌ ကျင်းပသောနိကာယ်ငါးရပ်စာမေးပွဲတွင် ကွင်းဆင်းဆေး ကုသမှု ဆောင်ရွက်ခဲ့ရာ သံဃာအပါး (၃၇) ပါး၊ လူကြီး (မ) (၂၁) ဦး၊ လူနာစုစုပေါင်း (၅၈) ဦး တို့အား ဆေးကုသမှုပေးခဲ့ပြီး၊ “မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများအကြောင်း” အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။