the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​၊ ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ (၆-၂-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည်​ ရွှေ​တောင် မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍​ ရွှေ​တောင်မြို့နယ် ဝါးလည်ကျေးရွာရှိ (အမက ဝါးလည်) ကျောင်းသို့ “သရက်သီးနှင့် အာဟာရအကြောင်း” ကျောင်းသား၊ ​ကျောင်းသူ (၆၀) ဦးအား အသိပညာ​ပေးဟော​ပြောခဲ့ပြီး ကျား (၂၂) ဦး၊ မ (၂၆) ဦး၊ စုစုပေါင်း (၄၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့ ကသစ်တိုင်း ကျေးရွာရှိ (အမက ကသစ်တိုင်း) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးအား “ဆေးဘက်ဝင်ဒန့်သလွန်ပင်အကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား (၂၄) ဦး၊ မ (၃၀) ဉီး၊  စုစုပေါင်း (၅၄) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်