the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် တိုင်းရင်းဆေးကုဌာန၌ ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင်တိုင်းရင်းဆေးကုဌာန၌ (၅-၂-၂၀၂၅) ရက်နေ့တွင် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားအား နံနက် (၈)နာရီမှ နေ့လည် (၁၂) နာရီအထိ အောက်ပါအခမ်းနား အစီအစဉ် (၉) ခုဖြင့်ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်(၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း၊ အခမ်းအနားအစီအစဉ် (၂) ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အခမ်းအနားအစီအစဉ် (၃) ပြည်ခရိုင်ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဒေါ်သီသီစန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အခမ်းအနားအစီအစဉ် (၄) စစ်မှုထမ်းဥပဒေ ခေါင်းစဉ်ဖြင့် မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုဦးမှဟောပြောပို့ချခြင်း၊ အခမ်းအနားအစီအစဉ် (၅) နိုင်ငံဝန်ထမ်းဉပဒေခေါင်းစဉ်ဖြင့် ဒုတိယမြို့နယ်ဉပဒေအရာရှိ ဦးအာကာလွင်မှ ဟောပြော ပို့ချခြင်း၊ အခမ်းအနားအစီအစဉ် (၆) အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေခေါင်းစဉ်ဖြင့် ဒုတိယ မြို့နယ်ဥပဒေအရာရှိ ဦးရာဇာမှ ဟောပြောပို့ချခြင်း၊ အခမ်းအနားအစီအစဉ် (၇) ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ အခမ်းအနားအစီအစဉ်(၈) အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အခမ်းအနားအစီအစဉ်(၉) အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်းတို့ဖြစ်ပြီး အခမ်းအနားမှူး အဖြစ်ဒေါ်နီလာမြင့်ရွှေတောင်မြို့နယ်တိုင်းရင်းဆေးမှူးမှဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ခရိုင်အဆင့်ဌာန ဆိုင်ရာများမြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြည်ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများ ၊ပြည် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ၊ ပေါင်းတည် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း