တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၇-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးသည် သာကေတ မြို့နယ်အမှတ် (၃၅) အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ယူနေသော G-1 မှ ကျောင်းသူ၊ ကျောင်းသား ကလေးငယ် (၅၂) ဦးအား “ဆောင်းရာသီတွင်ဖြစ်ပွားတက်သော နှာစေး၊ ချောင်းဆိုးရောဂါအကြောင်း” ရှောင်ရန်ဆောင်ရန်များ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၆၃) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။