မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၇-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ၊ လက်ထောက်တိုင်းရင်း ဆေးမှူး ဦးနန်းလင်းခိုင်တို့သည် စကားအင်းကျေးရွာရှိ အထကခွဲသို့ သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား ကလေး (၃၆) ဦး၊ မ ကလေး (၄၄) ဦး၊ စုစုပေါင်း (၈၀) ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။