တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်လတ်၊ ဆေးခန်းအကူ ဒေါ်သီတာဇော်တို့သည် သုခကာရီ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ဘိုးဘွားများ ကျား (၆) ဦး၊ မ (၁၂) ဦး၊ လူနာစုစုပေါင်း (၁၆) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။