ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင် အင်္ဂပူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၇-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နော်သိန်းသိန်းနွဲ့သည် အ.မ.က လူးကြီးကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၅) ဦး ၊မ (၂၀) ဦး၊ လူနာ စုစုပေါင်း (၃၅) ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။