ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၉-၁-၂၀၂၅) ရက်နေ့တွင် ကညင်ခဲကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၇) ဦး၊ မ လူကြီး (၁၈) ဦး၊ စုစုပေါင်း (၂၅) ဦးအား တိုင်းရင်းဆေးဖြင် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။