ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် မိုးနဲမြို့ မိုးကုတ်ရိပ်သာကျောင်းတွင် တရားစခန်းဝင်ရောက်နေသော ယောဂီများအား (၁၅.၁.၂၀၂၅) ရက်နေ့မှ (၂၁.၁.၂၀၂၅) ရက်နေ့အထိ (၇)ရက်ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာယောဂီ လူကြီး ကျား (၁၄)ဦး၊ ယောဂီလူကြီးမ(၈၀)ဦး စုစုပေါင်း (၉၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။