မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် တိုင်းရင်းဆေးကုဌာနမှ (၂၁-၁-၂၀၂၅)ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်သည် သရက်မြို့၊ သုခရတနာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာလူနာဦးရေ ကျား ၅ ဦး၊ မ ၇ ဦး၊ စုစုပေါင်းလူနာ (၁၂) ဦးတို့ကို ဆေးကုသပေးခဲ့ပြီး တိုင်းရင်းဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။