တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၈-၁-၂၀၂၅) ရက်နေ့တွင် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် တောင်ကုန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာသား (၂၀) ဦးတို့အား “ထုံနာကျဉ်နာရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၃၀) ဦး၊ လူကြီး မ (၃၃) ဦး၊ ကလေး ကျား (၁၁) ဦး၊ ကလေး မ (၅) ဦး၊ စုစုပေါင်း (၇၉) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ရွှင်ပြုံး တိုင်းရင်းဆေးထုတ်လုပ်ရေးမှ လှူဒါန်းသော ဆေးဝါးများဖြင့်လည်း ကုသိုလ်ပြု ခဲ့ကြောင်းသိရသည်။