ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၉-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာထွန်းသည် သပြေကုန်းဘိုးဘွားရိပ်သာ၌ အဘိုး (၃) ဦး၊ အဘွား (၉) ဦး၊ စုစုပေါင်း (၁၂) ဦးတို့အား တိုင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။