the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်) သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁၈-၁-၂၀၂၅ ရက်နေ့တွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော် မှ ဒုတိယဆေးရုံအုပ် ဦးလှမော်၊ အကြောအရိုးအဆစ်ရောဂါကုဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှုး ဦးကျော်စွာဝင်း တို့ ဦးဆောင်ပါဝင်သော ဆရာ၊ ဆရာမ (၁၂)ဦးအဖွဲ့သည် လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်) သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသပေးရာ ဘိုးဘွားများ၊ ရိပ်သာရှိ ဝန်ထမ်းနှင့် မိသားစုဝင်များ စုစုပေါင်းလူနာ(၁၁၇)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့်  ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။ ဆေးကုသပေးနေမှုအား  ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာစောင့်ရှောက်ရေး တာဝန်ခံ ဗဟိုအဖွဲ့မှ ဒုတိယဥက္ကဌ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း)၊ ကရုဏာကမ္ဘာဘိုးဘွားစောင့်ရှောက်ရေးတာဝန်ခံ ဗိုလ်မှုးသောင်းမြင့်၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုး (ကုသရေး)ဒေါ်ဥမ္မာမြတ် တို့လာရောက်၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဦးလှမော် (ဒုတိယဆေးရုံအုပ်)က  “တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ”  ခေါင်းစဉ် ဖြင့် ကျန်းမာရေးအသိပညာ ပေး ဟောပြောခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း