ပခုက္ကူမြို့၊ (၂၅) ခုတင်ဆံတိုင်းရင်းဆေးရုံမှ (၁၇-၁-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်း ဆေးမှူး ဒေါ်နန်းယုဝေနှင့်အဖွဲ့သည် ပခုက္ကူမြို့ဘိုးဘွားရိပ်သာ သွားရောက်၍ ကွင်းဆင်းဆေး ကုသခြင်းဆောင်ရွက်ခဲ့ရာ ကျား(၇)ဦး၊ မ(၁၄)ဦး၊ လူနာစုစုပေါင်း(၂၁)ဦးအား ဆေးကုသမှု ပေးနိုင်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
တိုင်းရင်းဆေးဝါး မှတ်ပုံတင်ခြင်းဆိုင်ရာ
တိုင်းရင်းဆေးသုတေသန
တိုင်းရင်းဆေးရုံ
မြန်မာ့တိုင်းရင်းဆေးကျမ်းများ